U NU OF BURMA - BORN LEADER

U   NU   OF   BURMA - BORN LEADER
U Nu: Born on May 25, 1907. Nayoan La Pyay. [Maharthamaya Nay.], 1269, Saturday.

Monday, July 29, 2013

စာမူများဖိတ်ခေါ်ခြင်း

 ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ တက္ကသိုလ်အသီးသီးတွင်  ကျောင်းတက်နေသော မြန်မာသံဃာတော်များအနက်မှ ”၀ပ်တလုံး“ ကျောင်း၌ သီတင်းသုံးကာ ကျောင်းတက်နေသော မြန်မာပြည်မှစာသင်သား ကိုယ်တော်များက “သာကီအလင်းမဂ္ဂဇင်း“ ကို ၁၃၇၅-ခုနှစ်၊၀ါခေါင်လဆန်း (၁၁) စနေနေ့၊17-8-2013နေ့တွင် အမှတ်စဉ်(၁) အတွဲ(၁)ကို ထုတ်ဝေမည်ဖြစ်ပါကြောင်း 

နေရာဒေသ အသီးသီးတွင် နေထိုင်ကြသော စာပေပညာရှင်များ စာပေ၀ါသနာအိုးများကို ဦးဇင်းတို့၏ အမျိုးဘာသာ သာသနာအတွက် တတ်စွမ်းနိုင်သမျှ ပါဝင်ဆောင်ရွက်သော အနေဖြင့် စာမူများ ရေးသား ပေးပို့ကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါကြောင်း အကြောင်းကြားလါပါသည်။
ဦးဇင်းတို့၏ ထုတ်ဝေရခြင်း၏ ရည်ရွယ်ချက်များဖြစ်သော
၁။မြန်မာနိုင်ငံသားများအနေဖြင့် ဘာသာရေး၊ပညာရေး၊ကျန်းမာရေး၊အသိပညာများ တိုးတက်ရေး၊
၂။နိုင်ငံနှင့်ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းနိုင်ရေး
ရည်ရွယ်ချက်များကို ဦးတည်ကာ ရေးသားပေးကြပါရန်နှင့် ပုဂ္ဂိုလ်ရေး ဝေဖန်တိုက်ခိုက်မှုများကို ရှောင်းရှာကာ ဓမ္မဓိဋ္ဌာန်ကျကျ ရေးသားပေးကြပါရန် ကိုလည်း မေတ္တာရပ်ခံထားပါသည်။

သာကီအလင်းမဂ္ဂဇင်းကို လစဉ် တစ်လတစ်ကြိမ်ထုတ်ဝေမည်ဖြစ်သည့်အတွက် စာမူများကို လစဉ်ပေးပို့ပေးကြပါရန်နှင့် အမှတ်(၁) အတွဲ(၂)မှစပြီး စာမူခများကို ထိုက်သင့်သလို ချီးမြှင့်ရန် အစီအစဉ်ရှိကြောင်းလည်း သိရပါသည်။
စာမူးများ မဂ္ဂဇင်းနှင့်ပါတ်သက်သည့်အကြံညဏ်ပေးစာများကို
tharkialinn@gmail.com,  သို့တိုက်ရိုက် ပေးပို့နိုင်ပါသည်။ 
kabarmakyay@gmail.com, မှတဆင့်ပေးပို့၍လည်းရပါသည်။

အမျိုး ဘာသာ သာသနာအကျိုး သည်ပိုးနိုင်ကြပါစေ။