U NU OF BURMA - BORN LEADER

U   NU   OF   BURMA - BORN LEADER
U Nu: Born on May 25, 1907. Nayoan La Pyay. [Maharthamaya Nay.], 1269, Saturday.

Wednesday, March 9, 2016

ပြည်ထောင်စုနဲ့ ဒို့တာဝန်


၁၉၄၈ခု ဧပြီလ၁၆ရက်နေ့ မြန်မာနှစ်သစ်ပွဲ(သင်္ကြန်) မှာ အခါကာလကလည်း လွတ်လပ်ရေး ရပီးစဆိုတော့ လွတ်လပ်ရေးမှာ အကြုံးဝင်နေကြတဲ့ ရှမ်း၊ကချင်၊ချင်း၊ရခိုင်၊မွန်၊ ကယား၊ကရင်၊ပအို့၊ ပလောင်၊တောင်သူ၊ဗမာ ပြည်ထောင်စုသား တိုင်းရင်းသား အသီးသီးကြားမှာ ခေတ်စားနေတဲ့
မေးခွန်းတခုကို ၀န်ကြီးချုပ်ဦးနုက သူ့မိန့်ခွန်းထဲမှာ
မေးခွန်းတခု ပြန်ထုတ်မေးပြီး ဖြေကြားခဲ့ပါတယ်။
-
အနှစ်ချုပ်အနေနဲ့ ပြောရင် -လွတ်လပ်ရေးရဘီ။ ကျုပ်တို့ တတွေ ဘာအကျိုး ခံစားရမလဲ-ဆိုတဲ့မေးခွန်းကို -လွတ်လပ်ရေးရဘီ လွတ်လပ်တဲ့နိုင်ငံသားတွေပီပီ ဘယ်တာဝန်တွေကို ထမ်းကြရမလဲ-ဆိုတဲ့ မေးခွန်းနဲ့ ပြန်ဖြေကြားခဲ့ပါတယ်။
-
အခုလက်ရှိအချိန်ကလဲ နှစ်ပေါင်းများစွာ... များစွာ (ရာစုနှစ်တ၀က်ကျော်) သေနတ်ပြောင်းထောက် အုပ်ချုပ်ခံဘ၀ကနေ ဒီမိုကရေစီလွတ်လပ်ခွင့် ရောင်ခြည်လေး ရိုးတိုးရိတ်တိတ် သန်းလာတဲ့ကာလမှာ ဒီမိုကရေစီမှာ ငါတို့ဟာက ဘာလဲ လို့ မေးခြင်တာလေးတွေ အပြင်ပြူလာတာလဲ ရှိလေတော့
-
ဒီမိုကရေစီမှာ ငါတို့ဟာ ဘာပါလဲဆိုတာထက် ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး အဒွန့်ရှည်ရေး အတွက် ငါတို့ဘက်ကတော့ တရွက်တထမ်း တလှမ်းတဆင့် အဆင်သင့်ဘဲဟေ့ ဖြစ်ရမဲ့ ကာလ ဖြစ်နေတာရယ်။
-
"Don't ask what your country can do for you;
ask what you can do for your country"
-
ဒီစကားစုဟာ အမေရိကန်သမ္မတ ကနေဒီ (John F. Kennedy) ၁၉၆၁ ဇန္န၀ါရီလ ၂၀ရက်နေ့မှာ ပြောခဲ့တဲ့ ကမ္ဘာကျော် မိန့်ခွန်းစာသား ဖြစ်ပါတယ်။
-
ဒါကလဲ ဒီပို့စ်ကို ရေးဖြစ်တဲ့ အကြောင်းတရပ်ထဲမှာ ပါပါတယ်။
-
စူပါပါဝါနိုင်ငံကြီးတခုရဲ့ စူပါမာစတာ ခေါင်းဆောင်ကြီး တယောက်ရဲ့ အတွေးအခေါ် အမျော်အမြင်မျိုး ကျနော်တို့ မြန်မာ့ခေါင်းဆောင်တွေမှာလဲ ရှိတယ်ဆိုတဲ့ အကြောင်း ပြောခြင်တယ်ပေါ့လေ။
--
ပပလွားလွား အပြောအဆို အပြုအမူကို ရှောင်ရမယ်လို့ အမေကမှာထားလို့ နှိမ့်နှိမ့်ချချပြောရရင် ကိုယ့်ခေါင်းဆောင်က ၁၄နှစ် ရှေ့က စောပီးပြောခဲ့တာ။
-
ဒါပေမဲ့ ကိုယ်ပြောတာလူတကာကြားဖို့ အဲဒီအချိန်က ကိုယ့်တိုင်းပြည်က ` လေဒီအို` တောင် ကမ္ဘာပတ်အောင် မလွင့်နိုင်သေး။ လွတ်လတ်ရေးရစ BURMA ဆိုတဲ့တိုင်းပြည်နံမယ်က ဗာဟားမားလောက် ဗာမြူဒါလောက်မှ လူမသိတာကိုး။
-
ဘာဘဲဖြစ်ဖြစ် ကမ္ဘာမပါတ်ပေမဲ့ သံသရာတပါတ်တော့လည်လာဘီ။
-
ရှမ်း၊ကချင်၊ချင်း၊ရခိုင်၊မွန်၊၊ကရင်၊ကယား၊ပအို့၊ပလောင်၊တောင်သူ၊ဗမာ ပြည်ထောင်စုသား တိုင်းရင်းသား အသီးသီး- အလုပ်သမား လယ်သမား တပ်မတော်သား ကျောင်းသား ကုန်သည် နယ်ပါယ်မရွေး ကျရာတာဝန်လေးတွေ လုပ်လိုက်ကြရမှာဖြင့် ဒီကနေ့ ပြည်ထောင်စုရဲ့ တို့တာဝန်ပေပေါ့ ။
-
ကနေဒီမိန့်ခွန်းအပြည့် ဖတ်ခြင်ရင်- http://www.presidency.ucsb.edu/ws/?pid=8032
-
ဗီဒီယိုကြည်ါခြင်ရင်-
https://youtu.be/P1PbQlVMp98