U NU OF BURMA - BORN LEADER

U Nu: Born on May 25, 1907. Nayoan La Pyay. [Maharthamaya Nay.], 1269, Saturday.
Thursday, February 27, 2014
Sunday, February 9, 2014
ဒီမိုကရက်တစ် ညီညွတ် တိုးတက်ရေးအင်အားစု
ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ ပစ္စက္ခကာလတွင် ဦးစားပေး၍ ဆွေးနွေးလျက်ရှိသော
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်ရန် သို့မဟုတ် ဖျက်သိမ်းပြီးအသစ်ပြန်ရေးရန်
အစရှိသည်ဖြင့် ၀ိဝါဒကွဲပြားနေသည့်အပေါ် ဒညတ၏ အမြင်သဘောထားနှင့် သုံးသပ်ချက်အား တိုင်းပြည်သို့
တင်ပြအပ်ပါသည်။
တိုင်းရင်းသားလက်နက်ကိုင်
တပ်ဖွဲ့အချို့နှင့်၊ နိုင်ငံရေးပါတီ အချို့က၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို၊ အသစ်
ပြန်ရေး ရမည်ဟု ဆွေးနွေးတောင်းဆိုနေကြသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ အပါအ၀င် နိုင်ငံရေးပါတီ အချို့က နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို
မထိခိုက် စေသော၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်
ငြိမ်းချမ်းရေးရရှိဖို့၊ အဓိကစဉ်းစားပြီး ပြင်သင့်သည်များကို ပြင်ဆင်ရန်၊ သဘောတူသည်။
သို့သော် သမ္မတအရည်အချင်း၊ တပ်မတော်၏ နိုင်ငံရေး ဦးဆောင်ပါဝင်ပတ်သက်ခွင့်နှင့်
အခန်းကဏ္ဍ၊ ယခင်အစိုးရအဖွဲ့၏ မူဝါဒလမ်းညွှန်မှုများ၊ ဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းများ၊
အမိန့်ပြန်တမ်းများ၊ ကြေညာချက်များ၊ အစိုးရအဖွဲ့ဝင် တစ် ဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ
အပေါ် တရားစွဲခြင်း၊ အရေးယူခြင်းမရှိစေရ အစရှိသော မပြင်ဆင်လိုသည့် ပြဋ္ဌာန်းချက်အချို့အား
ဆုပ်ကိုင် ထားကြသည်ကို သုံးသပ်မိပါသည်။
ယင်းတို့အနက် ၂၀၀၈
ခုနှစ်ဖွဲ့စည်းပုံ၊ အခန်း(၃) နိုင်ငံ တော် သမ္မတနှင့် ဒုတိယ သမ္မတ ရှိ၊ ပုဒ်မ ၅၉ (စ)တွင်
“မိမိ ကိုယ်တိုင် သော်လည်းကောင်း၊ မိမိ၏ မိဘ တစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ ဇနီး
သို့မဟုတ် ခင်ပွန်း သော်လည်း ကောင်း၊ မိမိ၏ တရားဝင် သားသမီး၊ တစ်ဦးဦး ၏ ဇနီး၊ သို့မဟုတ်
ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ၊ သို့မဟုတ် တိုင်းတစ်ပါး၏
နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း၊
တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်
များကို၊ ခံစားနိုင် ခွင့်ရှိသူများ မဖြစ် စေရ” ဟူသော သမ္မတအရည်အချင်းဆိုင်ရာ အခန်းမှာ၊
မြန်မာနိုင်ငံ၏၊ လက်ရှိအခြေအနေ တခုနှင့်၊ အထူးတိုက်ဆိုင်နေသည်။
ယနေ့အခြေအနေတွင် အချို့သော
မြန်မာပြည်သူပြည်သားများအပြင်၊ တိုင်တပါးးနိုင်ငံများကပါ၊ နှစ်သက် လိုလားသော အမျိုးသားဒီမိုကရေစီအဖွဲ
့ချုပ် ဥက္ကဌ၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဖြစ်ရေးအတွက်၊ ပုဒ်မ ၅၉ (စ)အရ တားမြစ်ချက် ဖြစ်နေရာ၊
၅၉(စ)၏၊ နောက်ကွယ်က ရည်ရွယ်ချက်သည်၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်စေရန်၊ တမင် သက်သက်
ရည်၇ွယ်ထားသည် ဆိုသော၊ စွဲချက်ဖြင့်၊ ရှု့မြင်ခြင်းမျိုး၊ ရှိလာသည်ကို တွေ့ရသည်။
ပုဒ်မ ၅၉ /(စ)နှင့်
ယင်းကဲ့သို့သော၊ အမျိုးသားရေး နှင့်ဆိုင်သည့်၊ ကန့်သတ်ချက် ဥပဒေမျိုးအား၊ မြန်မာတွင်
သာမက အမျိုးသားလုံခြုံရေးအရ၊ နိုင်ငံအတော်များများက၊
သူတို့၏ ဖွဲ့စည်း ပုံဥပဒေမှာ၊ ထည့်သွင်းပြဋ္ဌာန်းလေ့ ရှိပါသည်။ မြန်မာနိုင်ငံကျခါမှ တဦး တယောက်အတွက် ရည်ရွယ်ထည့်သွင်းထားသည်ဟု
ဒညတက လုံးဝမယူဆပါ။
ဒညတ၏ သဘောထားကို ပွင့်လင်းစွာပြောရမည်ဆိုလျှင်၊
ဒညတ၏ မူလစတင်ဖွဲ့စည်းသည့်အချိန်ကပင်၊ ထားရှိသော သဘောထားဖြစ်သည့်၊ တိုင်းပြုပြည်ပြု
ရေးဆွဲထားသော၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟူသည်မှာ၊ တဦးတက် တခုဖျက်၊ တဖွဲ့လာတအုပ်ရေးရန်
လိုအပ်သည်မျိုးမဟုတ်။ ပါလီမန် နည်းဥပဒေသများကို သုံးပြီး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏၊
ပထမစာမျက်နှာ ပထမစာကြောင်း၊ ပထမစာလုံးမှသည် နောက်ဆုံးစာမျက်နှာ၊ နောက်ဆုံးစာကြောင်း၊
နောက်ဆုံး စာလုံးထိတိုင်၊ ပြည်သူတို့ဘ၀နှင့်မကိုက်ညီလျှင်၊ တိုင်းပြည်ကို အကျိုးမပြုလျှင်၊
ပြည်သူကို ကိုယ်စားပြုသော ကိုယ်စားလှယ်တော်ကြီးများက ပြင်ဆင်၊ ဖြည့်စွက်၊ ပြုပြင်၍
ရကောင်းသော ပဋိညာဉ်စာချုပ်ကြီး ဖြစ်ပါသည်။
ထိုကြောင့် ယခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် စစ်မှန်သော ပြည်ထောင်စု စနစ်ကို အာမမခံနိုင်
သေးလျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းကို
အဟန့်အတားဖြစ်စေသည်ဟု ပြည်သူများက ယုံကြည်လျှင် ပြည်သူကို ကိုယ်စားပြုသော ကိုယ်စားလှယ်တော်ကြီးများက
ထိုဥပဒေများအစား အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးကို၊
အမှန်တကယ် တည်ဆောက်ခြင်း၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ပြန်လည်တည်ဆောက်ခြင်းများအား၊
အထောက်အကူပြုနိုင်သည့် ဥပဒေများ၊ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းကို အာမခံ
သည့် အချက်များဖြင့်၊ ဖြည့်စွက်နိုင် ပြင်ဆင်
နိုင်ပါသည်။ ရုတ်စွအဆုံး ယခုရေပန်းစားနေသော
ပုဒ်မ ၅၉ (စ) ကိုပင် လုပ်ထုံး လုပ်နည်းနှင့်အညီ ပြင်မည်ဆိုက ပြင်နိုင်ခွင့်
ရှိပါသည်။
ထိုကြောင့် ဆိုခဲ့သည့်အတိုင်း
တလုံးစီ တစစီ တပိုင်းစီ ပြင်ဆင်သီကုံးခွင့်၊
စ လယ် ဆုံး ရှိပါလျက်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား၊ အသစ်ပြန်ရေးမည်ကို ဒညတအနေနှင့်
လက်မခံနိုင်ပါ။
ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေကို ဖျက်သိမ်းသည်နှင့် တပြိုင်နက် ထိုဥပဒေအရ၊ ဖြစ်လာသော အစိုးရသည်၎င်း၊ လွတ်တော်
များသည်၎င်း၊ ထိုအစိုးရနှင့် လွတ်တော်များမှပေးလာသော၊ ကတိက၀တ်များ၊ မူဝါဒများ၊ စီမံကိန်းများ၊
ကော်မတီ၊ ကော်မရှင်များ အားလုံး၊ ပျက်ပျယ်သွားကာ၊
အချိန်အကန့်အသတ်ပြုရန် မသေခြာသော ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ် မပြီးစီးမခြင်း၊ မူလက
အာဏာကို၊ လွဲပြောင်းပေးခဲ့သည့် စစ်တပ်၊ ၀ါ တပ်မတော် အစိုးရသည်၊ အိမ်စောင့် အစိုးရအဖြစ်၊
အလိုအလျောက် ရှိနေမည် ဖြစ်သည်။
ထိုထက်ပို၍ အဆိုးဖက်ကကြည့်လျှင်
အစိုးရသည်၎င်း၊ လွတ်တော်များသည်၎င်း၊ ထိုအစိုးရနှင့် လွတ်တော်များမှ ပေးထားသော၊ ကတိက၀တ်များ၊
မူဝါဒများ၊ စီမံကိန်းများ၊ ကော်မတီ၊ ကော်မရှင်များ အားလုံး၊ ပျက်ပျယ်သွားပြီး ဖြစ်သဖြင့် စစ်တပ်၊ ၀ါ တပ်မတော်
အစိုးရ၊ ၀ါ အိမ်စောင့် အစိုးရသည်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ရေးခြင်း အပေါ် တာဝန်ခံမည်
မခံမည် အာမခံချက်မရှိပါ။
သို့ဖြစ်ပါ၍ ၂၀၀၈ ဖွဲ့စည်းပုံ
အခြေခံဥပဒေ အသစ်ပြန်ရေးမည်ကို ဒညတအနေနှင့် လုံးဝလက်မခံနိုင်ပါ။ ဒီမိုကရေစီ အဓွန့်ရှည်၊
ခိုင်မာစေရေး၊ လက်စွဲပြုလျက် တိုင်းပြည်လုံခြုံရေး နှင့် စစ်ဖက်ရေးရာများ ယဉ်ကျေးမှု
နှင့် လူမှုဖူလုံရေး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး နိုင်ငံခြားရေးဝါဒ နှင့် နိုင်ငံတကာဆက်ဆံရေး
တိုင်ရင်းသား လူမျိုးစုနှင့် ကိုးကွယ်ယုံကြည်မှု ဘဏ္ဌာရေးမူဝါဒ ငွေကြေးစနစ် အဆင့်မြင့်
နည်းပညာ ပညာရေး ကျန်းမာရေး စသည်တို့အပေါ် လိုအပ်သည့်ပြင်ဆင်မှုမျိုးကို ထောက်ခံပါသည်။
ယခု ရေပန်းစားနေသော ပုဒ်မ ၅၉ /(စ) ကိုပင်၊ လုပ်ထုံးလုပ်နည်းနှင့်အညီ၊
ပြင်မည်ဆိုက ပြင်နိုင်ခွင့် ရှိပါသည်ဟု၊ အထက်တွင် ဆိုခဲ့သော်လည်း၊ အမျိုးသားရေး ၀ံသာနုတရားအတွက်၊
အစဉ်အဆက် လက်ခံထားရှိရမည်ဖြစ်သော၊ ပုဒ်မ ၅၉ /(စ)နှင့် ယင်းကဲ့သို့သော၊ အမျိုးသားရေး
နှင့်ဆိုင်သော ကန့်သတ်ချက် ဥပဒေမျိုးအား၊ ပြင်ဆင်ခြင်း၊ ပြင်ဆင်ရန် အကြံပြုခြင်းများအပေါ်၊“
ဒညတ“သည် ပြင်းထန်စွာ ဆန့်ကျင် ကန့်ကွက်ပါကြောင်း ကြေညာအပ်ပါသည်။
ထိုသို့ ဆန့်ကျင်၊ကန့်ကွက်ရခြင်းမှာလည်း၊
အမျိုးသားရေး၊ တိုင်းရင်းသားရေး၊ ၀ံသာနု မျိုးချစ်စိတ် အရင်းအမြစ်၊ တည်တန့် ခိုင်မြဲရေးကို၊
အလေးအနက်ထားခြင်းဖြစ်ပီး ပုဂ်္ဂိုလ်ရေးကိုအခြေခံပြီးဆန့်ကျင်ခြင်းမဟုတ်ပါ။
ယနေ့မျက်မှောက်ကာလ
အခြေအနေတွင် မြန်မာပြည်သူပြည်သားများအပြင် တိုင်တပါးးနိုင်ငံများကပါ၊ လိုလားသော ထည်ထည်ဝါဝါ
အလေးပေး ခံနေရသော ပုဂ်္ဂိုလ်ထူးအနေနှင့် သန်း၆၀ သော ပြည်သူများ၏ ဆန္ဒဖြင့် ပြင်ပေး လိုက်သည်ဆိုပါစို့၊
ပြင်ပေးရအံ့သောဥပဒေသည်ကား၊ သာမည်ညောင်ည၊ ဥပဒေမဟုတ်။ အချုပ်အခြာအာဏာ၏ အမြင့်ဆုံးသောရာထူးအတွက်
အချုပ်အခြာအာဏာ၏ အမြင့်ဆုံးသော နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်နေသည်။
သားအစဉ် မျိုးအဆက်
နိုင်ငံသားစစ်စစ်၊ တိုင်းရင်း သားစစ်စစ်များ၏ ရပိုင်ခွင့်နှင့် ကပြားများ၏ရပိုင်ခွင့်ကို၊
တန်းတူ ထားမည်ဟု သက်ရောက်သော ဥပဒေကို နိုင်ငံတော်ဖွဲ့စည်းပုံ
အခြေခံဥပဒေ ၌သာ ထည့်သွင်း မည်ဆိုပါက အနာဂတ် တိုင်းပြည်အတွက် အလွန်အန္တရယ်ကြီးသော၊ လွဲမှားမှု
တရပ်၊ ဖြစ်မည်မလွဲဟု၊ ရိုးသားစွာ စိုးရိမ်မိပါသည်။
အနှစ်သာရအနေနှင့်လည်း
အချုပ်အခြာအာဏာ၏ အမြင့်ဆုံးသောရာထူး တာဝန် ယူရမည့်သူ၏ အထက်၊ အောက် မျိုးရိုးဗီဇ မှန်ကန်မှုကို
စစ်တမ်းထုတ်ထားသော နိုင်ငံတော် လုံခြုံရေးရာ သော့ချက်တခုဖြစ်သည်။
မိမိနိုင်ငံတော်၏ အချုပ်
အခြာ အာဏာ၊ အသက်သွေးကြော နှင့် ကံကြမ္မာကို၊ မိမိ နိုင်ငံသားများ လက်ထဲမှာသာ ထားရှိခြင်း
ဆိုတဲ့ အချက် ဖြစ်ပြီး တိုင်းတစ်ပါး လွှမ်းမိုးခြင်း အန္တရယ်ကို တရားဥပဒေဖြင့် ကာကွယ်
စောင့်ရှောက် ထားခြင်းဖြစ်သည့်အတွက် ၂၀၁၅ အတွက်တင်မက နောင်လာမယ့် တသက်တာ အနာဂတ်အတွက်လဲ
မပြင်သင့်သော ပုဒ်မ တစ်ခု ဟု မှတ်ယူပါသည်။
ဒညတမှ မိဘပြည်သူများ
နိုင်ငံရေးပါတီများ အာဏာရအဖွဲ့ အစည်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များ အလုပ်သမားရေးရာ
လယ်သမားရေးရာ လူမှုရေးရာ အဖွဲ့ အစည်းများနှင့် နိုင်ငံတကာမှ မြန်မာ့အရေး စိတ်ဝင်စားသူ
ပြည်သူများ ခေါင်းဆောင်များသို့ တင်ပြချက်။
၂၀၁၄ခု ဇန်နဝါရီလ ၉
ရက်နေ့က ချင်းပြည်နယ် ဟားခါးမြို့ လူထုတွေ့ဆုံပွဲမှာ
“နိုင်ငံတစ်နိုင်ငံရဲ့
ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အမျိုးသမီးတစ်ယောက်ကို ဦးတည်ပြီးတော့ ရေး ဆွဲထားတယ်ဆိုတာ
အင်မတန်မှ မသင့်တော်ပါဘူး၊ အဲဒီလိုရေးဆွဲထားတဲ့ အမျိုးသားတွေအတွက် အင်မတန်မှ သိက္ခာကျပါတယ်၊
ဒါကြောင့် ဒီဥစ္စာကို မြန်မြန်ဆန်ဆန် ပြောင်းသင့်တယ်လို့ ကျမကတော့ ယူဆတယ်၊ ၅၉(စ)ကို
မပြောင်းခဲ့လို့ရှိရင် ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘယ်လိုလုပ်မလဲ ဆိုတဲ့ မေးခွန်းကိုတော့
ဒီပုဒ်မကို ပြောင်းမလား မပြောင်းဘူးလားဆိုတာ အဖြေပေါ်တဲ့အခါကျမှ ကျမတို့ပြောပါမယ်၊ ဘာဖြစ်လို့လဲဆိုတော့
အလုပ်တစ်ခုက သိပ်ပြီးတော့ စောလွန်းပြီးတော့ လုပ်လို့မဖြစ်ဘူး၊ မသင့်တော်ပါဘူး၊ သင့်တော်တဲ့အချိန်မှာ
ကျမတို့ရဲ့မူဝါဒဟာ ဘာလဲဆိုတာ ဖွင့်ပြောပါမယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်က ဆိုပါသည်။
အမျိုးသားခေါင်းဆောင်ကြီ၊
ဗိုလ်ချုပ်အောင်ဆန်း၏၊ လမ်းညွန်မှုဖြင့်၊ ၁၉၄၇ခုနှစ်တွင်၊ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေကို ရေးဆွဲခဲ့စဉ်က၊ “တနေ့သောအခါမှာ၊ ငါ့သမီးဟာ နိုင်ငံရေးထဲရောက်မယ်၊ ဒီရာထူးကို
လိုခြင်မယ်၊ ဒါကြောင့် သူ့ကို၊ ပိတ်ပင်မှဘဲ” တွေးတောယူဆပြီး၊ ရေးခဲ့ခြင်း မဟုတ်ပါ။
အခြေအနေမှာ ၅၉(စ) နှင့်ပါတ်သက်၍
လိပ်ခဲတင်းတင်းဖြစ်နေသည့်သဘောရှိရာ ယနေ့တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်ရမည့်
အမျိုးသားစည်းလုံးညီညွတ်မှု အရှိန်အဟုန်မြှင့်တင်ရေး၊
အမျိုးသား အကျိုးစီးပွါး တိုးတက်စည်ပင်ရေး၊
စသည့် အားစိုက်ခွန်စိုက် လုပ်ရမည့်အင်အားများ၊ ပြန့်ကြဲ
ရုပ်လျော့မည်ကို စိုးရိမ်မိပါသည်။
ထို့ကြောင့် ကာယကံရှင်ကိုယ်တိုင်၏ စိတ်အားထက်သန်မှု၊ ဖြစ်စေခြင်သောသူများ၏
ဖြစ်စေလိုမှု တို့ဖြင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်တို့ မျက်ဝါးထင်ထင်မြင်နိုင်စေခြင်းငှာ ၅၉(စ) ကို ပြင်ခြင်း ဖျက်ခြင်း မပြုဘဲ ပြဌာန်း နိုင်သည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ
အကိုးအကားတခုကို တင်ပြလိုပါသည်။
အမေရိကန်ပြည်ထောင်စု၏ စစ်ဖက်ဆိုင်ရာ အမြင့်ဆုံးရာထူးမှာ ကြယ်လေးပွင့်
ဗိုလ်ချုပ်ကြီးအဆင့် ဖြစ်ပါသည်။ သို့ရာတွင် အမေရိကန်ပြည်ထောင်စုသမိုင်း ၌ ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီး
၉ဦး ရှိခဲ့ဖူးပါသည်။
ဒုတိယ ကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်ပေါင်းစုမှူးအဖြစ် အမေရိကန်ပြည်ထောင်စုမှ ဗိုလ်ချုပ်ကြီး
အိုက်ဆင်ဟောင်ဝါ “General Eisenhower“ ကို တာဝန်ပေးရာ၊ သူ့လက်အောက်အရာရှိ ဖြစ်သူ၊ ဗြိတိသျှဖက်မှ ဗိုလ်ချုပ်မှူးကြီး မောင်ဂိုမာရီ "Field Marshal Montgomery“ ထက် ရာထူးတဆင့်နှိမ့်နေသည်ကို အကြောင်းပြုကာ
မခြေမငံ ဆက်ဆံခြင်းကြောင့်၊ စစ်ဆင်ရေး ကြီးကြပ် လုပ်ကိုင်ရာတွင်အဆင်မပြေမှု များစွာ
ကြုံရလေသည်။ ထိုပြဿနာကို ဖြေရှင်းရန် အမေရိကန်ပြည်ထောင်စု
လွတ်တော်က ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီး အဆင့်ရာထူးကို အချိန်အခါ၏ လိုအပ်ချက်အရ ယခုကာလတခုအတွက်သာ
ခန့်အပ်ကြောင်း ၁၉၄၄ခု ဒီဇင်ဘာလတွင် ဥပဒေပြု ပြဌာန်း ပေးခဲ့သဖြင့် "Field
Marshal Eisenhower“ ဖြစ်လာသည်။ ထိုဥပဒေအရ ကြည်းတပ်ဆိုင်ရာ
လေတပ်ရေတပ်ဆိုင်ရာ ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီး
၉ဦး ခန့်အပ်ခြင်း ခံရသည်။ ၁၉၈၁ခုနှစ် ဧပြီလတွင် ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီးအဆင့်
Omar N. Bradley ကွယ်လွန်ပီးနောက် ယခု အမေရိကန်ပြည်ထောင်စု
တပ်မတော်တွင် ကြယ်ငါးပွင့် ဗိုလ်ချုပ်ကြီးအဆင့် မရှိတော့ပါ။
ထိုအကိုးအကားအရ သက်ဆိုင်ရာ အခြားသတ်မှတ်အရည်အခြင်း ပြည့်စုံလျှင်
ယခုတကြိမ်တည်းသာ ကန့်သတ်ပြီး
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ
အခန်း(၃) နိုင်ငံ တော် သမ္မတနှင့် ဒုတိယ သမ္မတ ရှိ ရမည့် သတ်မှတ်ချက် ပုဒ်မ ၅၉ /(စ) ကို
အမျိုးသားလွတ်တော်မှ ဤတကြိမ်၊ ဤပုဂ္ဂိုလ်တဦးအတွက်၊ အထူးပြင်ဆင်ချက်၊ ခွင့်ပြုချက် ချွင်းချက်ပြုသည့်
ဥပဒေပြုကာ ဆောင်ရွက်လိုက ဆောင်ရွက်နိုင်သည့် အချက်ကို တင်ပြအပ်ပါသည်။
ဒီမိုကရက်တစ် ညီညွတ်
တိုးတက်ရေးအင်အားစု(ဒညတ) ဗဟိုကော်မတီ
ဖေဖေါ်ဝါရီလ ၇ရက် ၂၀၁၄
Wednesday, February 5, 2014
Sunday, February 2, 2014
ခရစ်နှစ် ၁၉၄၈ ခုနှစ် ဇန်န၀ါရီလာ ၄ရက်၊ မြန်မာသက္ကရာဇ် ၁၃၀၉ ခုနှစ်ပြာသို လဆုတ်
၉ရက် တနင်္ဂနွေ နေ့ ကား မြန်မာနိုင်ငံသည် လုံးဝ လွတ်လပ်သောနိုင်ငံ အဖြစ်သို့ ရောက်ရှိ
သော နေ့  ဖြစ်သည်။မြန်မာနိုင်ငံအနှံ့ အပြားရှိ မြို့ ရွာများတွင် ထို့ နေ ကို မှတ်တမ်းတင်သော
မော်ကွန်းကျောက်စာတိုင်များ စိုက်ထူကြပြီးလျှင် အောက်ပါအတိုင်း ကမ္ဗည်း ထိုးထားကြသည်။
"ဂြီ သက္ကရာဇ် တစ်ထောင့်သုံးရာ ကိုးခုနှစ်၊ပြာသိုလဆုတ်(၉)ရက် ၊တနင်္ဂနွေ နေ့ အား ဤငါတို့ 
မြန်မာပြည် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင် ပြည်ထောင်စု နိုင်ငံတော်ကြီးအဖြစ်
ကောင်းစွာရောက်သတည်း။ "
ဤ နေ့ ကို မမေ့ လျော့ကြစေရန် နိုးဆော်သည် အနေဖြင့် လွတ်လပ်ရေး နေ့  အထိမ်းအမှတ်ပွဲများ
ဆင်ယင်ကျင်းပကြ၏။အထိမ်အမှတ်ပွဲများတွင် လွပ်လပ်ရေး ကျောက်တိုင်တွင် စုဝေးကြ ၍
ပြည်ထောင်စု တည်မြဲရေး တိုးတတ်ရေး ကို မမေ့ မလျော ဆောင်ရွက်ရန်အဓိဋ္ဌာန် များ
ပြုလုပ်လေ့ရှိကြသည်။ပျော်ပွဲရွှင်ပွဲ နှင့် ပြပွဲ ပြိုင်ပွဲ များ ကို လည်း ကျင်းပကြသည်။
Subscribe to:
Posts (Atom)