အဖိုးဖြစ်သူ မစ္စတာ အဗ္ဗဒူဂဖူးရ်သည် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအပြီး အန္ဒိယနိုင်ငံ၊ အေလာဟာဘတ်မြို့မှ ရောက်ရှိလာခဲ့သည်။ ၁၈၉၅ ခုနှစ်ခန့်တွင် သားဖြစ်သူ မစ္စတာ အမ်အေရှကူးရ်ကို ရန်ကုန်မြို့သို့ ခေါ်ဆောင်လာခဲ့သည်။ (၁၈၉၈-၉၉) ခုနှစ်ခန့်တွင် အဟ်မဒ်ဘေဂမ်ဆိုသူနှင့် အိန္ဒိယတွင် အိမ်ထောင်ပြုခဲ့သည်။ မိဘများသည် ဗြိတိသျှအင်ပါယာအတွင်းတွင် ထိုစဉ်က အိန္ဒိယရော မြန်မာပါဝင် နေသောကြောင့်၊ အိန္ဒိယနှင့် မြန်မာ ကုန်ကူးသွားလာ နေထိုင်ခဲ့သည်။ သားကြီး အမ်အေရအူးရ်ဖ်ကို မြန်မာ ပြည်သို့ပြန်ရောက်စဉ် ၁၉၀၁ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ရာရှစ်ကို ၁၉၁၂ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ အေလာဟာဘတ်မြို့၌ မွေးဖွားခဲ့သည်။ ၁၉၁၄ ခုနှစ်တွင် မောင်ရာရှစ်ကလေးသည် ရန်ကုန် မြို့သို့ အသက် (၂)နှစ်အရွယ်တွင် ရောက်ရှိခဲ့သည်။ သူ၏ဖခင်သည် ဒါဟိုဇီလမ်း (ယခု မဟာဗန္ဓုလ လမ်း) တွင် ဆိုင်ဖွင့်ခဲ့သည်။ မြန်မာပြည်သို့ ဓါတ်စက် ပထမဦးဆုံး တင်သွင်းရောင်းချခဲ့သူဖြစ်သည်။ ၁၉၃၁ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေရေးဆွဲသော ကော်မတီတွင် ကိုရာရှစ် ပါဝင်ပြီး၊ သမဂ္ဂဖွဲ့စည်းပုံကို အောက်စဖို့ဒ်နှင့် ကိန်းဘရစ်ခ်ျ တက္ကသိုလ်သမဂ္ဂများ၏ ဖွဲ့စည်းပုံကို အခြေခံ၍ ရေးဆွဲခဲ့ကြသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖြစ် ကိုကျော်ခင်၊ ဒုဥက္ကဌအဖြစ် ကိုဖိုးကူးနှင့် အတွင်းရေးမှူးအဖြစ် ကိုရာရှစ်တို့ကို ရွေးကောက် တင်မြှောက်ခဲ့သည်။ ၁၉၃၅-၃၆ ခုနှစ် ကျောင်းသား သမဂ္ဂတွင် ကိုနု ဥက္ကဌ၊ ကိုရာရှစ် ဒုဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ခုနှစ် ဇွန်လတွင် ရွေးချယ်ခဲ့သော ကျောင်းသားသမဂ္ဂတွင် ဥက္ကဌအဖြစ် ကိုရာရှစ်၊ အတွင်းရေးမှူး ကိုအောင်ဆန်း တို့ကို ရွေးချယ်ခဲ့သည်။ တဆက်တည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအသင်းမှာလည်း ဥက္ကဌ အဖြစ် ကိုရာရှစ်ကို တင်မြောက်ခဲ့သည်။ တက္ကသိုလ်ကောင်စီတွင်လည်း ပထမဆုံးသော ကျောင်းသား ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။ ၁၉၃၉ ခုနှစ်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်မ် လူငယ်များ ညီလာခံတွင် ကိုရာရှစ်ကို ဥက္ကဌ အဖြစ်လည်းကောင်း၊ ကိုဘရှင် (နောင်ဗိုလ်မှူးဗရှင်)ကို အတွင်းရေးမှူး အဖြစ် တင်မြောက်ခဲ့ကြသည်။ ၁၉၃၇ ခုနှစ်တွင် ရှေ့နေ အဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်။
၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေရေးဆွဲရေး ကော်မတီတွင် တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ (၁၉၅၂-၅၄) ခုနှစ်များတွင် ပြည်သူ့အိုးအိမ် ပြန်လည်ထူးထောင်ရေးနှင့် အလုပ်သမား ၀န်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ (၁၉၅၄-၅၆) ခုနှစ်များတွင် ကုန်သွယ်မှုတိုးတက်ရေးနှင့် အလုပ်သမား ၀န်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ (၁၉၅၆-၅၈) ခုနှစ်များတွင် သတ္တုဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် မန္တလေးတက္ကသိုလ်၏ ပထမဦးဆုံး အဓိပတိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ စီမံကိန်း ၀န်ကြီးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
ဦးရာရှစ်နှင့် ဗိုလ်ချုပ်အောင်ဆန်း
၁၉၆၀ ခုနှစ်မှစ၍ ၁၉၇၄ ခုနှစ်အထိ ဗမာမွတ်စလင်မ်အဖွဲ့ ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၀ခုနှစ်များတွင် ဦးနုသည် ဦးအာရှစ်အား မြန်မာနိုင်ငံလုံးဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် အဖြစ် စေလွှတ်ရန် ဆန္ဒရှိခဲ့သော်လည်း ဦးရာရှစ်က ငြင်းပယ်ခဲ့သည်။ ဦးသန့်ကို ရွေးချယ် စေလွှတ်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ကျင်းပသည့် အိုင်အယ်လ်အို ညီလာခံကြီးတွင် သဘာပတိအဖြစ် ရွေးချယ်တင်မြောက် ခံခဲ့ရသည်။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ၀န်ကြီးချုပ်ဦးနု၏ အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့်အတူ (၆)နှစ်ကြာ ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၇၄ ခုနှစ်တွင် ဒုတိယအကြိမ် (၁၈)လကြာ ထိန်းသိမ်းခံခဲ့ရသည်။ ၁၉၇၈ ခုနှစ်တွင် ကမ္ဘာ့မွတ်စလင်မ် အဖွဲ့ချုပ်၏ မွတ်စလင်မ် လူနည်းစု ကော်မတီ ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၇၈ ခုနှစ်၊ ဧပြီလ (၂၁)ရက် သောကြာနေ့တွင် ဆီးကြိတ်ကင်ဆာရောဂါဖြင့် ပါကစ္စတန်နိုင်ငံ ကရာချီမြို့၌ ကွယ်လွန်ခဲ့သည်။ အုတ်ဂူတွင် ‘Raschid of Burma’ ဟု ဖေါ်ပြထားပါသည်။
ဦးနုနှင့် ဦးရာရှစ်
ဦးခင်မောင်ချို (တရားလွှတ်တော်ရှေ့နေ) တင်ပြသည်။
ဦးရာရှစ်၏ တိုင်းပြည်အတွက် ဆောင်ရွက်ချက်များ (ရေးသူ ဒေါက်တာမောင်မောင်)
၁၉၅၆ခုနှစ် ဒီဇင်ဘာလထုတ် အမှတ်စဉ်(၁၄)မှ ဒေါက်တာမောင်မောင်၏ THE GUARDIANမှ (Profile-U RASCHID) ဘာသာပြန်ဆိုသူ-အွမ္မရ်ခင်ညွန့်
အိမ်ယာဆောက်လုပ်ရေးနှင့် အလုပ်သမားဝန်ကြီးဟောင်း၊
ယခု ကုန်သွယ်မှု တိုးတက်ရေးနှင့် အလုပ်သမားဝန်ကြီး၊
အသက် -၄၃-နှစ်
ပညာအရည်အချင်း
၁။ ရန်ကုန်တက္ကသိုမှ ဘီ၊အက်၊စီ၊(သိပ္ပံတန်း)
၂။ ဘီ၊အယ်လ်၊ ၀တ်လုံစာမေးပွဲကိုလည်းအောင်မြင်ခဲ့သည်။
လက်ရှိတာဝန်များ၊
၃။ အလုပ်သမား အစည်းအရုံးအများအဖွဲ့ချုပ်(ဗမာနိုင်ငံ)၏ဒုတိယ ဥက္ကဌ။
၎။ ထွက်ကုန်ပူးပေါင်းဆောင်ရွက်ရေးနှင့် တိုးတက်ရေးကော်တီဥက္ကဌ။
၅။ ဗမာပြည် ကမ္ဘာ့ရေးရာအသင်း ဥက္ကဌ။
၆။ တက္ကသိုလ်ကောင်စီတွင် လူမျိုးစုလွှတ်တော်ကိုယ်စားလှယ်။
၇။ လူမှုဖူလုံရေးအဖွဲ့ဥက္ကဌ။
၈။ ဆိပ်ကမ်းအလုပ်သမား ဘုတ်အဖွဲ့ဥက္ကဌ။
၉။ ကုန်သွယ်မှုတိုးတက်ရေးနှင့် အလုပ်သမားဝန်ကြီး။
တိုင်းပြည်အတွက် ဆောင်ရွက်ချက်များ
ကျောင်းသားခေတ်
ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ ပထမဆုံးအထွေထွေ အတွင်းရေးမှုးချုပ်အဖြစ်လည်းကောင်း၊ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူ ဦးရာရှစ်(လယ်) နှင့် သခင်အောင်ဆန်း(ဘေးကပ်လျက်)။တစ်နိုင်ငံလုံးတွင် ဒုတိယကျောင်သား သပိတ် ပေါပေါက်ရေးအတွက် အဓိကတာဝန်ယူဦးဆောင်ခဲ့သော (ထိုစဉ်က) ကျောင်းသားသမဂ္ဂ ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သည်။၁၉၃၆ ခုနှစ်တွင် ဖွဲ့စည်းသော ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ ၏ ပထမဆုံး ဥက္ကဋ္ဌလည်း ဖြစ်၏။
၁၀။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကို စတင်တည်ထောင်ရန် ဦးဆောင်သော ပုဂိ္ဂိုလ်တစ်ဦးဖြစ်သည့်ပြင်၊ သမဂ္ဂစည်းမျဉ်းဥပဒေရေးဆွဲရာ၌ အမှုဆောင်လူကြီး အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။
၁၁။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဆောက်အဦးကို ကျောင်းသားများလက်သို့ ရောက်ရှိရေးအတွက် အထူးတလည် ဆောင်ရွက်ပေးခဲ့သည်။
၁၂။ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ ပထမဆုံးအထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၃။ ၁၉၃၆ ခုနှစ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂတွင် ၀န်ကြီးချုပ်ဦးနု ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့စဉ်က ဒုတိယ ဥက္ကဌအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဗိုလ် ချုပ်အောင်ဆန်း၊ ၀န်ကြီး ဦးကျော်ငြိမ်းတို့လည်း အမှုဆောင်အဖြစ် ပါဝင်ဆောင် ရွက်ခဲ့ကြပါသည်။
၁၄။ ၁၉၃၇ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌ အဖြစ်ဆောင် ရွက်ခဲ့သည်။ ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းမှာ သမဂ္ဂ၏ ဒုတိယ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
၁၅။ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများညီလာခံကျင်းပရေးနှင့် ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတည်ထောင်ရေးအတွက် စတင်ဦးဆောင်ခဲ့ပါသည်။ ထိုပထမ ညီလာခံကြီးတွင် ၀န်ကြီးချုပ် ဦးနု က ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး၊ အမ်၊ အေ၊ ရာရှစ် က ဧည့်ခံကော်မတီဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့ပါသည်။
၁၆။ ထိုညီလာခံကြီးက ရွေးကောက်တင်မြှောက်သဖြင့် ပထမဆုံး ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့ပါသည်။`
နိုင်ငံရေးခေတ်
၁၇။ ကျောင်းထွက်ပြီးနောက် ၀တ်လုံအဖြစ်လုပ်ကိုင်ဆောင်ရွက်လျက် တိုင်းပြည်တာဝန် ကို တစ်ဖက်တစ်လမ်းဆောင်ရွက်ခဲ့သည်။
၁၈။ လက်ရှိတိုင်းပြည်ခေါင်းဆောင်များနှင့် ရှေးနှစ်ပေါင်းများစွာကပင် ခင်မင်ရငှ်းနှီးသော မိတ်ဆွေမျာုးဖြစ်ခဲ့သည့်ပြင် မျိုးချစ်စိတ်ဓါတ်ရှိသူတစ်ဦးဖြစ်ပါသည်။
၁၉။ အလုပ်သမားရေးရာဘက်တွင် အထူးစိတ်ဝင်စားခဲ့သည့်အလျောက် ၊သံလျှင် ဘီ- အို-စီ ရေနံချက်စက်ရုံအလုပ်သမားများ သမဂ္ဂနှင့်ဆက်သွယ်မှုရရှိခဲ့ပြီး၊ ၄င်းသမဂ္ဂ ၏စေတနာ့ဝန်ထမ်း ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သည်။
၂၀။ ဈေးဆိုင်အလုပ်သမားများ၊ သက်သာချောင်ချိရေးအသင်း ဥက္ကဌ အဖြစ်ဆောင်ရွက် ခဲ့စဉ်၊ ဈေးဆိုင်အလုပ်သမားများနှင့်တကွ၊ အလုပ်တိုက်ကြီးများမှ အလုပ်သမားများ အတွက် အလုပ်ချိန်ကန့်သတ်ခြင်း၊ အပါတ်စဉ် ရက်အားပေးခြင်းများ ရရှိအောင် ဆောင်ရွက်ပေးခဲ့သည်။
၂၁။ ၁၉၄၇ ခုနှစ်တွင် အလုပ်သမားရေးရာ ဥပဒေ ရေးဆွဲရေးကော်မတီ၏ ဥက္ကဌ အဖြစ် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရွေးချယ်ခဲ့သည်။ အစိုးရထံသို့ အစီရင်ခံစာ (၁၂ ) စောင်တင်သွင်းခဲ့သည်။ နိုင်ငံတွင်းရှိ အလုပ်သမားဥပဒေအားလုံးကို ပြင်ဆင်ရေး ဆွဲပြီးခဲ့သည့်အပြင် ဥပဒေသစ်များကိုလည်း ရေးဆွဲခြင်းပြုခဲ့သည်။
၂၂။ ၁၉၄၇ ခုနှစ်တွင် ၀ါဏိဇ်္ဇပဋိပက္ခခုံရုံး၏ အဖွဲ့ဝင် လူကြီးအဖြစ်လည်းကောင်း၊
၂၃။ ၁၉၄၈ ခုနှစ်တွင် ၄င်းခုံရုံး၏ဥက္ကဌအဖြစ် ၀န်ကြီးရာထူးလက်ခံသည့်နေ့တိုင်း ဆောင် ရွက်ခဲ့သည်။ အရေးပါအရာရောက်သော စီရင်ချက်ပေါင်းများစွာပေးခဲ့၍အလုပ် သမားများအတွက် အခွင့်အရေးများ များစွာရရှိခဲ့သည်။
၂၄။ ဆိပ်ကမ်းအလုပ်သမားများ စီမံကိန်းရေးဆွဲရေးကော်မတီဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ထိုစီမံကိန်းကို အကောင်အထည်ဖေါ်နိုင်ခဲ့ရာ၊ ဆိပ်ကမ်းအလုပ်သမားများ အလုပ် မှန်မှန်လုပ်ရပြီး၊ သတ်မှတ်ထားသော လစာနှုန်းထားရရှိသည့်ပြင် ဆေးဝါးကုသခြင်း အိုနာစာရံပုံငွေရရှိခြင်းစသည့် အခွင့်အရေးများရရှိလျက်ရှိသည်။ ထိုစီမံကိန်းသည် အာရှတိုက်အရှေ့တောင်ဒေသတွင် အကောင်းဆုံးစီမံကိန်းတစ်ရပ်ဖြစ်သည်ဟု ချီး မွမ်းခြင်းခံရသည်။
၂၅။ လူမှုဖူလုံရေးလုပ်ငန်းကို စတင်ဦီးစီးဆောင်ရွက်ခဲ့သည်။ (၄)နှစ်နီးပါး ပဏာမ လုပ်ငန်းမျးဆောင်ရွက်ပြီး၊ ရန်ကုန်မြို့တွင် ၁၉၄၆ ခုနှစ်၊ ဇန်္န၀ါရီလ ၁ ရက်နေ့မှ စတင်လုပ်ကိုင်နိုင်ခဲ့သည်။ အခြားဒေသများသို့ ချဲ့ထွင်ရန်စီစဉ်လျက်ရှိသည်။
၂၆။ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရေးဆွဲခြင်းနှင့်ပတ်သက် ၍ကော်မတီအမျိုးမျိုးတွင် ပါဝင်ခဲ့သည်။
၂၇။ ရေနံမြေ စုံစမ်းရေးကော်မရှင်၊ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး စုံစမ်း ရေးကော်မရှင်အဖွဲ့ဝင်လူကြီးအဖြစ်လည်းကောင်း၊ အစိုးရစာပုံနှိပ်တိုက် စုံစမ်းရေး ကော်မရှင်ဥက္ကဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။
၂၈။ ၁၉၄၇ ခုနှစ် ဒေလီမြို့ အာရှညီလာခံသို့လည်းကောင်း၊ ၁၉၅၅ ခု၊ ဘန်ဒေါင်းကွန် ဖရင်းသို့လည်းကောင်း၊ ဗမာပြည်ကိုယ်စားလည်အဖြစ် တက်ရောက်ခဲ့သည်။
၂၉။ ၁၉၄၈-ခု၊ ၁၉၅၀-ခု၊ ၁၉၅၁-ခု နှင့်၁၉၅၄-ခုနှစ်များတွင် အပြည်ပြည်ဆိုင် ရာအလုပ် သမား အဖွဲ့ချုပ်ကြီး၏ ညီလာခံသို့ တက်ရောက်ခဲ့သည်။ ၁၉၅၁ ခုနှင့် ၁၉၅၄-ခု နှစ်တွင် ဗမာပြည်ကိုယ်စားလှယ်အဖွဲ့၏ခေါင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၅၀ ခုနှစ်တွင်လည်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ကြီး၏ရေနံကော်မ တီသို့ ဗမာကိုယ်စားလှယ်အဖွဲ့၏ခေါင်းဆောင်အဖြစ်တက်ရောက်ခဲ့သည်။ ထိုအဖွဲ့ ချုပ်ကြီးတွင် လူသိများပြီး လေးစားခြင်းခံရသူတစ်ဦးဖြစ်သည်။
၃၀။ ရန်ကုန်တက္ကသိုလ်ကောင်စီတွင် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်အဖြစ် ပထမဆုံး ပါဝင်ဆောင်ရွက်ခဲ့ရသည်။ ၄င်းနောက် အဆက်ပြတ်ဆိုသလို ကောင်စီလူကြီးဖြစ် ခဲ့သည်။
၃၁။ ၁၉၅၁ ခုနှစ်၊က လူမျိုးစုလွှတ်တော်သို့ ပြိုင်ဘက်မရှိ ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။
အိမ်ယာဆောက်လုပ်ရေးဝန်ကြီးအဖြစ်
၃၂။ လူမှန်သမျှ အဓိကအလိုရှိအပ်သည့် ၀တ် စား နေ တည်းဟူသောအရေးသုံးပါး အနက် စစ်ဘေး၊ စစ်ဒဏ်ကို နှစ်ကြိမ်တိုင်တိုင်အလူးအလဲ ခံလိုက်ရသော ဗမာလူ ထု၏အိုးအိမ်မဲ့ပြဿနာကိုဖြေရှင်းရန် အိမ်ယာဆောက်လုပ်ရေးဝန်ကြီးအဖြစ် ပထမ ဦးစွာဆောင်ရွက်ခဲ့ပါသည်။ ပြည်သူ့အိုးအိမ်ပြန်လည်ထူထောင်ရေးဘုတ်အဖွဲ့ဥက္ကဌ အဖြစ်ဆောင်ရွက်ကာ ဗမာတပြည်လုံးတွင် အိမ်ယာဆောက်လုပ်ရေးလုပ်ငန်းများ ကို လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးအဖြစ်
၃၃။ ၁၉၅၄ ခုနှစ်ကုန်လောက်ကစ၍ ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးရာထူးကို လက်ခံ ဆောင်ရွက်ခဲ့ရသည်။ ထိုအချိန်က ဗမာပြည်သည် ဆန်ကိစ်္စနှင့်ပတ်သက်၍ အထူး အရေးကြီးနေသောအချိန်ဖြစ်နေသည့်အတိုင်း ထိုပြဿနာများကို ၄င်း၏လုပ်ရည် ကိုင်ရည်အစွမ်းဖြင့် ဖြေရှင်းပေးနိုင်ခဲ့ပါသည်။
၃၄။ ဆန်ဟောင်းများ အားလုံးလိုလိုပင် ယခုအခါရောင်းချပြီးဖြစ်သည့်ပြင် ဖေါက်သည် နိုင်ငံသစ်များကိုပါ ရရှိအောင် ဆောင်ရွက်လျက် “ဆန်”ပြဿနာကို အတော်ပြေ လည်စွာ ဖြေရှင်းနိုင်ခဲ့ပါသည်။
၃၅။ ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ကြီးပြန်လည်ဖွဲ့စည်းရေး တိုးတက်ကောင်းမွန် ရေးအတွက် အထူးလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။
၃၆။ ၄င်း၏စီမံဆောင်ရွက်ချက်အရ နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့၏ လက်ကျန်စပါးစာရင်းးကို မနှစ်က ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့၏ရာဇ၀င် တွင် ပထမအကြိမ်အဖြစ် စစ်ဆေးခြင်းကို ပြုနိုင်ခဲ့ပါသည်။
၃၇။ ပြီးခဲ့သောစပါးပေါ်ချိန်မှစ၍ နိုင်ငံတော်ကောက်ပဲသီးနှံအဖွဲ့က ၀ယ်ယူပြီးသောစပါး ဘိုးငွေများကို တောင်သူလယ်သမားများအား သုံးရက်အတွင်းပြေလည်အောင်ချေ ရန် စီမံဆောင်ရွက်ပေးခဲ့ပါသည်။
၃၈။ ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးဌာနကို ပြန်လည်ပြုပြင်ခဲ့သည့်ပြင်၊ သွင်းကုန်လိုင် စင်ထုတ်ပေးရေးစနစ်နှင့်ပတ်သက်၍ အထူးပြုပြင်လုပ်ကိုင်ခဲ့ပြီး၊ ယခုအခါ သွင်း ကုန်လိုင်စင်များကို စနစ်သစ်ဖြင့် အချိန်မှန်ထုတ်ပေးလျက်ရှိနေပါသည်။
၃၉။ သွင်းကုန်လိုင်စင်ထုတ်ပေးရာတွင် မြန်မာတိုင်းရင်းသားကုန်သည်များ ရာခိုင်နှုန်း (၉၀)အထိ တိုးတက်ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါသည်။
၄၀။ ရုရှားပြည်၊ တရုပ်ပြည်၊နှင့် အရှေ့ဥရောပနိုင်ငံများနှင့်ကုန်သွယ်လုပ်ငန်းတိုးတက် ရေးအတွက် အထူးတလည်ကြိုးပမ်းဆောက်ရွက်လျက်ရှိသည့်အတိုင်း ယခုအခါ ထိုနိုင်ငံများက ဗမာဆန်များကိုဝယ်ယူလျက်ရှိပါသည်။ ၄င်း၏ကြိုပမ်းမှုဖြင့် ဗမာ ပြည်ကဆန်များကို ဂျပန်ကျွန်း၊ မလေးကျွန်းနှင့်အင်ဒိုနီရှားနိုင်ငံတို့ကို ငွေလက် ငင်းစနစ်ဖြင့် ရောင်းချနေသည်မှာ အခုအခါ အတော်တိုးတက်လျက်ရှိပါသည်။
၄၁။ ဗမာနိုင်ငံတော်အတွက် အထူးမစ်ရှင်အဖွဲ့အမျိုးမျိုးတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။
(က) ၁၉၅၂ ခုနှစ်က ၀ါရှင်တန်မြို့သို့ တီ-စီ-အေ ကိစ်္စနှင့် မစ်ရှင်အဖွဲ့ကိုခေါင်း ဆောင်ကာ၊ ကိစ်္စရပ်များကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။
(ခ) ၁၉၅၄ ခုနှစ်က အလုပ်သမားအစည်းအရုံးအဖွဲ့ချုပ်(ဗမာနိုင်ငံ)၏တရုပ်ပြည် သွားမစ်ရှင်အဖွဲ့ကို ခေါင်းဆောင်ခဲ့ပါသည်။
(ဂ) ၁၉၅၄ ခုနှစ်က အိနိ္ဒယပြည်သို့ဆန်တန်ချိန်(၉)သိန်းရောင်းချရေးနှင့်ပတ်သက် ၍အစီစဉ်များသွားရောက်လုပ်ကိုင်ပေးခဲ့ပါသည်။
(ဃ) ၁၉၅၅ ခုနှစ်က အိနိ္ဒယပြည်မှ ငွေကုဋေ(၂၀)ချေးယူရန်ကိစ်္စကို အောင်မြင်စွာ သွားရောက်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။(သို့သော်၊ ဆန်အရောင်းအ၀ယ် ကောင်းလာသဖြင့် ထိုချေးငွေကို ယခုတိုင် မယူသေးပါ။)
(င) ၁၉၅၅ ခုနှစ်၊က နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု ခေါင်းဆောင်သော ယိုးဒယား နိုင်ငံသွား ချစ်ကြည်ရေးမိတ်ဆက်မစ်ရှင်တွင် ပါဝင်ဆောက်ရွက်ခဲ့ပါသည်။
(စ) ကမ္ဘာ့အရပ်ရပ်သို့ ခရီးလှည့်လည်ခဲ့ပြီး ဗမာပြည်နှင့်သင့်လျော်သည့် ကိစ်္စရပ် များကိုလေ့လာပြီး၊ လုပ်ငန်းရပ်များကို ဆောက်ရွက်လျက်ရှိပါသည်။
၄၂။ အထူးသဖြင့် ရန်ုကုန်အလယ်ပိုင်းလူမျိုးစုလွှတ်တော်အမတ်လောင်း လက်ရှိကုန်သွယ် မှုတိုးတက်ရေးဌာနနှင့်အလုပ်သမားဝန်ကြီး အမ်-အေ-ရာရှစ်သည် ဖွဲ့စည်းအုပ်ချုပ် ပုံအခြခံဥပဒေအရ၊ ဗမာတိုင်းရင်းသားအဖြစ် ခံယူထားပြီးဖြစ်သဖြင့် ဗမာပြည်တွင် အသက်ထက်ဆုံးနေထိုင်လျက် ဗမာလူထုနှင့် ဆိုးတူကောင်းဘက်ဆောင်ရွက်လုပ် ကိုင်နေထိုင်သွားမည့် ပုဂ်္ဂိုလ်တစ်ဦးလည်းဖြစ်ပါသည်။
အမှုဆောင်အဖွဲ့။ ဖ၊ဆ၊ပ၊လ ရွေးကောက်ပွဲ အနိုင်ရရှိရေးကော်မီတီ ရန်ုကုန်အလယ်ပိုင်း(လူမျိုးစု)မဲဆန်္ဒနယ်။ အမှတ်(၃၃)အီဗင်ဆင်လမ်း၊ ရန်ကုန်မြို့။
No comments:
Post a Comment