U NU OF BURMA - BORN LEADER

U   NU   OF   BURMA - BORN LEADER
U Nu: Born on May 25, 1907. Nayoan La Pyay. [Maharthamaya Nay.], 1269, Saturday.

Thursday, May 23, 2013

မိတ်ဆက်စကား

မြန်မာနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဦးနု၏ နှစ် တရာပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ်  ၂၀၀၇ ခုနှစ် မေလ ၂၅ရက်နေ့တွင် U NU OF BURMA web site http://peoplewinthrough.com/ကို အင်တာနက် စာမျက်နာအဖြစ် U Nu of Burma Group မှတင်ခဲ့ပါသည်။ မြန်မာပြည်၏ နိုင်ငံရေး အခြေအနေ လူးလွန့်မှုကြောင့် သမိုင်းဝင် အထောက်အထား ဓါတ်ပုံ စာရွက်စာတမ်း စာအုပ် မှတ်တမ်းမှတ်ရာများ တိမ်မြုပ် ပျောက်ကွယ်နေင်္ယုမျှမက ထိန်ချန် ဖျောက်ဖျက် ခံခဲ့ရသည့်အတွက် မိသားစုဝင်များ သိမ်းဆီးထားသည့် ဓါတ်ပုံ စာအုပ် မှတ်တမ်းမှတ်ရာ အကြွင်းအကျန်မျှဖြင့် ဦးနုရာပြည့်ကို တည်ဆောက်ခဲ့ရခြင်း ဖြစ်ပါသည်။ 
 အကြွင်းအကျန်ဟု ၀ိသေသပြုရသည်မှာ မိသားစုများ၏ အိုးအိမ်ဆိုသည်မှာ စစ်ထောက်လှမ်းရေး အဆက်ဆက် အကြိမ်ကြိမ် မွှေနှောက် မြေလှန် အဖန်ဖန်ခံရပြီးကာမှ အဟုတ်ကိုကြွင်းပီး အမှန်ပင်ကျန်နေသည်ကို ညွှန်းဆိုခြင်းဖြစ်ပါသည်။
ထိုကာလမှ ၆နှစ်လွန်မြောက်လာပီးချိန်တွင် ပိုမိုကြယ်ပျံ့လာသော internet / net work  တို့မှ ထပ်မံရရှိလာသော သမိုင်းဝင် အချက်အလက် ဓါတ်င်္ပု စာအုပ် စသည်တို့ကို ဖြည့်စွက်နိုင်ရန် ယခုဘလောက်ကို စီစဉ်အပ်ပါသည်။
 
သမိုင်းဝင် အထောက်အထား ဓါတ်ပုံ စာရွက်စာတမ်း စာအုပ်မှတ်တမ်းမှတ်ရာများ ပေးပို့ကူညီမှုကိုလည်း ဖိတ်ခေါ်အပ်ပါသည်။
u_nu_of_burma@yahoo.com သို့မဟုတ် kabarmakyay@gmal.com သို့ ဆက်သွယ်နိုင်ပါကြောင်း။

No comments:

Post a Comment