U NU OF BURMA - BORN LEADER

U   NU   OF   BURMA - BORN LEADER
U Nu: Born on May 25, 1907. Nayoan La Pyay. [Maharthamaya Nay.], 1269, Saturday.

Thursday, June 18, 2015

ဘီအိုင်အေ- မြိတ်စစ်ကြောင်း



မြန်မာ့လွတ်လပ်ရေးတပ်မတော် ဘီအိုင်အေ သည် ယိုးဒယားမှ မြန်မာပြည်သို့ မြိတ်စစ်ကြောင်း ထားဝယ်စစ်ကြောင်း  မြ၀တီစစ်ကြောင်း ဟု စစ်ဖကြာင်း ၃ကြောင်းဖြင့် ၀င်ရောက်ခဲ့ရာ မြိတ်စစ်ကြောင်းသည် ထိုင်းနိုင်ငံ ရနောင်းမြို့မှတဆင့် မြန်မာပြည်တောင်ဘက်အစွန်း ၀ိတူရိယအငူ (ကော့သောင်းမြို့) မှ မြိတ်မြို့ကို ချီတက်သည့် ၀ိတိုရိယစစ်ကြောင်းခေါ် ရေကြောင်းချီ စစ်ကြောင်း ဖြင့် ၂၇-၁-၁၉၄၂ တွင် စစ်တကြောင်း
ထိုင်းနိုင်ငံ ပရာကျော့ကီရီခံမြို့မှတဆင့် မောတောင်ကြားအတိုင်း တနင်္သာရီ ချောင်းရိုးဖြင့် သဘော့လိပ် ညောင်ပင်ကွင်း ကျေးရွာများကို ဖြတ်ကာ  တနင်္သာရီမြို့ ထိုမှ ပသောင်း တောင်းရှည် စသောရွာစဉ်လျောက်ကာ တော်လှန်ရေး တပ်သားများ စုဆောင်းပီး ကြည်းကြောင်းဖြင့် ၃-၂-၁၉၄၂ တွင် တကြောင်း  မြိတ်မြို့ကို ချီတက်သည့်ရောက်ရှိသည်။

မြိတ်စစ်ကြောင်းကို ၀ိတိုရိယစစ်ကြောင်းခေါ် ရေကြောင်းချီ စစ်ကြောင်း ဖြင့် ဂျပန်ဗိုလ် ဗိုလ်မုတ်ဆိတ်ဟု ထင်ရှားသော ဗိုလ်မှူးကြီး ဟီရာယာရာမ ဒုတယ ဗိုလ်မှူးကြီး အာကီကာဝါ ဗမာအမည် ဗိုလ်ဝင်း ဒုတိယဗိုလ်မှူးကြီး ဆာတို ဗိုလ်မှူး အီမာမူရာ ဗမာအမည် ငွေဓါးဗိုလ် ဗိုလ်မှူးအီဇာတို ဗိုလ်မှူးအီကေဒါ ဗမာအမည် ခွေးဘီလူး ဗိုလ်မှူး နိုဆေး ဗိုလ်မှူး ရန်နိုင် (သခင်ထွန်းရှိန်) ဗိုလ်ကြီးတောက်ထိန် (သခင်စံမြ) ဗိုလ်ကြီး မင်းခေါင် (သခင်စောလွင်) ဗိုလ် အိုရာရှီကီ တို့က ဦးဆောင်ကာ ချီတက်ရောက်ရှိပြီး မြိတ်မြို့တွင် တပ်သား စုဆောင်းကာ ကြည်းကြောင်းချီတပ်ဖြင့် ပူးပေါင်း စစ်သင်တန်းပေး လက်နက်တပ်ဆင်သည်။

ကြည်းကြောင်းချီတပ်ကို တပ်မှူး ဒုတိယဗိုလ်မှူးကြီး တိုကူနကား စစ်ရေးချုပ်- ဗိုလ်မှူးကာဝါအူချီ စစ်ရေးအရာရှိ - ရုံးအုပ် ဗိုလ်ကြီးဟိဘာကာ- အမှတ်၁ တပ်ရင်းမှူး ဗိုလ်မှူးကာတို - အမှတ၂ တပ်ရင်းမှူး ဗိုလ်မှူးနာဂါရှီး- ဗိုလ်သိန်းတန်- ဗိုလ်သာရင်- ဗိုလ်ရွှေကျေး- တို့ဦးစီးချီတက်သည်။


















မြိတ်မြို့ ဘီအိုင်အေ အုပ်ချုပ်ရေးအဖွဲ့  -

ခရိုင်ဝန် ဗိုလ်သီဟ(ဦးဘဆွေ) - လက်ထောက်ခရိုင်ဝန် သခင်အောင်ကြီး - ခရိုင်ရဲဝန်ထောက် သခင်ထွန်းစိန် - အခွန်ဝန် သခင်လှသင်  - ငွေတိုက်ဝန် ဆိပ်ကမ်းဝန် ဆက်သွယ်ရေး သခင်ဂင်စိန် အုပ်ချုပ်ရေးအဖွဲ့ဝင်များမှာ ဗိုလ်စိန်လှိုင် - ဗိုလ်ကျော်သိန်း  -ဗိုလ်သာခင်  -ဦးဖေရင်  -ဦးဘဂွမ် တို့ ဖြစ်သည်။ ဦးဘရွှေ အင်ဂျင်နီယာ- သခင်အေးရုံ တောင်မှူးကြီး- သခင်သာစိန် ဒုတိယထောင်မှူးကြီး-
အမျိုးသမီးခေါင်းဆောင် သခင်မ မငွေခင်- ရဲမေခေါင်းဆောင် သခင်မ မြမြ။








ဗိုလ်မှူးးရန်နိုင်
 ရဲမေခေါင်းဆောင် သခင်မ (ဒေါ်)မြမြ
အမျိုးသမီးခေါင်းဆောင်  သခင်မ (ဒေါ်)မငွေခင်
 ဗိုလ်ချုပ်နှင့် ဘိတ်
  ဘိတ်နှင့် ဗိုလ်ချုပ်

 ဘိတ်ရဲမေတပ်ဖွဲ့ အလေးပြု







ဓါတ်ပုံများကို “ဓါတ်ပုံကပြောသော မြိတ်သမိုင်းမှတ်တိုင်များ(မောင်ပြေချမ်းမြိတ်)“စာအုပ်မှ၎င်း မိသားစု ကိုယ်ပိုင် အယ်လ်ဘန်မှ၎င်း ထုတ်နှုပ် တင်ပြပါသည်။

No comments:

Post a Comment