U NU OF BURMA - BORN LEADER
U   NU   OF   BURMA - BORN LEADER
U Nu: Born on May 25, 1907. Nayoan La Pyay. [Maharthamaya Nay.], 1269, Saturday.
Friday, August 2, 2013
အလိုရှိသည်
ဦးနုရေးသား ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်များကို မျှဝေဖတ်ရှုစေလိုသည့် စေတနာရှင်များ ထံမှာ စာအုပ်ကော်ပီလေးများ အလှူခံအပ်ပါသည်။
  • စာအုပ်အမည် = ဖိနှိပ်မှုတိုက်ပွဲ အဆင့်ဆင့်
  • ရေးသားသူ = ဦးနု
  • စာအုပ်အမျိုးအစား = နိုင်ငံရေး
  • စာမျက်နှာ = ၁၁၆ မျက်နှာ
  • ထုတ်ဝေသည့် ခုနှစ် = ၁၉၅၉-ခု၊ ဇူလိုင်လ
  • ထုတ်ဝေသည့် အကြိမ် = ပထမအကြိမ်
  • တန်ဖိုး = ဈေးနှုန်းရေးမထားပါ
  • စာပေတိုက် = ဖဆပလ(သန့်ရှင်း)အဖွဲ့ချုပ်မှ ထုတ်ဝေသည်။
ဦးနုရေးသားသော ရှားပါးစာအုပ် ဖြစ်ပါသည်။ ဒီမိုကရေစီကို မြတ်နိုးသူတိုင်း လွတ်လပ်ရေးကို စုံမက် သူတိုင်း လူ့အခွင့်အရေးကို တန်ဘိုးထားသူတိုင်း အတွက် ရေးသားထားသည်။ ထိုစာအုပ်၏ ထူးခြားချက်ကတော့ စထွက်ချင်း အုပ်ရေ တစ်သောင်းကို တစ်လအတွင်း ကုန်သွား၍ နောက်လမှာ ငါးထောင်ထပ်ရိုက်ရပါသည်။
  • စာအုပ်အမည် =  ပြည်တော်သာ ပြည်ထောင်စုပန်းတိုင်
  • ရေးသားသူ = ဦးနု
  • စာအုပ်အမျိုးအစား = နိုင်ငံရေး
  • စာမျက်နှာ =  မျက်နှာ၃၄၄
  • ထုတ်ဝေသည့် ခုနှစ် = ၂၀၁၃ခု၊ ဇူလိုင်လ
  • ထုတ်ဝေသည့် အကြိမ် = ပထမအကြိမ်
  • တန်ဖိုး =
  • စာပေတိုက် = 
  • Description: နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုကိုယ်တိုင် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လမှ ၁၉၅၂ ခုနှစ်၊ သြဂုတ်လအထိ အသံလွှင့်ဌာနများမှလည်းကောင်း၊ လူထုတရားပွဲများ၌လည်းကောင်း၊ အသင်းအဖွဲ့ တရားပွဲများ၌လည်းကောင်း၊ မိန့်ကြားခဲ့သော မိန့်ခွန်း ၁၂ ခုကို ဆရာဇော်ဂျီက ရွေးချယ်ပေးထားခြင်း ဖြစ်သည်။ ထိုသို့ ဆရာဇော်ဂျီရွေးချယ်ရာတွင် “ပြည်ထောင်စုပန်းတိုင်”ဟူ၍ အမည်နှင့် လိုက်အောင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ မည်သို့ဖြစ်ပေါ်လာ၍ ခြောက်နှစ်တာကာလအတွင်း မည်သို့ ဖြစ်ပျက်ခဲ့ပုံများကိုလည်းကောင်း၊ ပြည်ထောင်စုဟူ၍ ဖြစ်ပေါ်လာပြီးနောက် နိုင်ငံတော်၌ မည်သို့ရည်ရွယ်ချက်မျိုး ထားရှိပုံကိုလည်းကောင်း၊ ရည်ရွယ်ချက်အောင်မြင်အောင်လည်း မည်သို့အားထုတ်နေပုံသဘောကိုလည်းကောင်း၊ ဦးနု၏ မြန်မာစကားပြေ ရေးသားပုံ, ပရိသတ်နားရှင်း၍ စိတ်ညွတ်လာအောင် ဆိုတတ်မိန့်တတ်ပုံကို နည်းယူနိုင်စေရန်အတွက်လည်းကောင်း ရည်ရွယ်ချက်များဖြင့် ရွေးချယ်ထားခြင်း ဖြစ်သည်။
ဘုရား တရား သံဃာနှင့် ဗုဒ္ဓသာသနာအရေးတော်ပုံ
၁၉၅၇ ခုနှစ် ဒီဇင်ဘာလက ကလကတ္တားယူနီဗာစီတီ၏ ဖိတ်ကြားချက်အရ ဦးနုသည် ၄င်းတက္ကသိုလ်၌ ဘုရား, တရား, သံဃာနှင့် မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုပြီးသည့်နောက် ဗုဒ္ဓသာသနာတော်၏ အခြေအနေဆိုသည့် မိန့်ခွန်းလေးရပ်ကို သွားရောက်ဟောပြောပေးခဲ့ရာ ထိုဟောပြောချက်ကို စာအုပ်အဖြစ် မှတ်တမ်းတင် ရေးသားထားခြင်းဖြစ်သည်။ ပါရမီဆယ်ပါး၊ ဗုဒ္ဓ၀င်၊ ဗုဒ္ဓဟောကြားခဲ့သော တရားဓမ္မ၊ မြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် သံဃာတော်များ၏ ကျေးဇူးဖြင့် ကမ္ဘာအနှံ့သို့ ဗုဒ္ဓသာသနာပြန့်ပွားခဲ့ပုံနှင့် မြန်မာနိုင်ငံ၏ ဗုဒ္ဓသာသနာဝင်အကျဉ်းကို အချက်အလက် အထောက်အထား စုံလင်စွာဖြင့် ဟောပြောပေးထားသည်ကို တွေ့ရသည်။
 အသားထဲက လောက်ထွက်
  • ၁၉၄၂ ခုနှစ်က ၀န်ကြီးချုပ်ဟောင်း ဦးနုသည် မန္တလေးထောင်တွင်း အကျဉ်းချထားခြင်း ခံခဲ့ရရာ ထိုသို့ အကျဉ်းကျခံရစဉ် အင်္ဂလိပ်ပြဇာတ်တစ်ခုကို ဖတ်မိခဲ့သည်။ ထိုပြဇာတ်ပါ အဖြစ်အပျက်များသည် “တို့ဗမာအစည်းအရုံး” ဌာနချုပ်၌ ဖြစ်ပျက်နေသည့် အဖြစ်အပျက်အချို့နှင့် အတော်အတန်တူနေသည်ကို တွေ့ရသဖြင့် ဘာသာပြန်ဆိုဖြစ်ခဲ့ရာ ၄င်းကို စာအုပ်အဖြစ် ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။ စာရေးသူက “ ... ဤပြဇာတ်ကို ဖတ်ရှုခြင်းအားဖြင့် စာဖတ်သူများသည် အပျင်းလည်းပြေသလောက်ပြေ၍ သင်ခန်းစာလည်း ရသင့်သလောက် ရကြလိမ့်မည်ဟု မျှော်လင့်ပါသည်။ ... ” ဟု အမှာစာတွင် ဆိုထားသည်။
ဓမ္မစကြာတရားတော်နှင့် အနတ္တလက္ခဏတရားတော်
 ဓမ္မစကြာတရားတော်နှင့် အနတ္တလက္ခဏတရားတော်နှင့် ပတ်သက်၍ ၀န်ကြီးချုပ်ဟောင်း ဦးနု ဟောကြားခဲ့သည့် ဟောပြောချက်မိန့်ခွန်း ၂ခုကို စုစည်း၍ စာအုပ်အဖြစ် မှတ်တမ်းတင်ထုတ်ဝေထားခြင်း ဖြစ်သည်။ ဦးနု၏ ဟောပြောချက်မတိုင်မီတွင် သက်ဆိုင်ရာ သုတ်များ၏ ပါဠိကို ဦးစွာဖော်ပြပေးထားသည်။ ဦးနု၏ ဟောပြောရှင်းလင်းချက်များသည် ဓမ္မစကြာသုတ်နှင့် အနတ္တလက္ခဏသုတ်များ၏ အဓိပ္ပာယ်ကို သာမန်စကားပြောပုံစံဖြင့် ဟောပြောထားခြင်း ဖြစ်သည့်အတွက် ပါဠိမတတ်ကျွမ်းသည့် သာမန်ပုဂ္ဂိုလ်များပင် အဆိုပါသုတ်များ၏ အဓိပ္ပာယ်နှင့် လေးနက်ပုံကို အလွယ်တကူပင် နားလည်သဘောပေါက်နိုင်ကြမည် ဖြစ်သည်။ ဒေသနာတရားတည်ဟူသော စက်ဘီးကို စပြီး လည်စေသော သုတ်၊ တစ်နည်းအားဖြင့် တရားစကြာကို လည်စေသော သုတ်ဖြစ်သည့် ဓမ္မစကြာသုတ်၊ တစ်လောက ရှိရှိသမျှ ရုပ်တွေ, နာမ်တွေဟာ ငါ့ဥစ္စာမဟုတ်၊ ငါကောင် သတ္တ၀ါကောင် မဟုတ်၊ အလိုသို့မလိုက်၊ သူ့သဘောအတိုင်း ဖြစ်, ပျက်နေသည့် သဘောတရား သက်သက်မျှသာ ဖြစ်သည်ဆိုသည့် အချက်ကို ဟောတော်မူထားသည့် အနတ္တလက္ခဏသုတ်ကို ဤဟောပြောချက်များမှတစ်ဆင့် အချိန်တိုအတွင်း နားလည်သဘောပေါက်နိုင်ကြမည် ဖြစ်သည်။
  • ငါးပါးသီလအကြောင်း၊ မြတ်စွာဘုရားအကြောင်း၊ သံဃာတော်အကြောင်း၊ ဓမ္မအကြောင်း၊ ဗုဒ္ဓသာသနာအရေးတော်ပုံ
တွ့ရှိရမည်ဖြစ်သည်။ ဗုဒ္ဓဘာသာ၏ အဆီအနှစ်ဖြစ်သော ရတနာသုံးပါးအကြောင်း၊ ဗုဒ္ဓတရားအဆီအနှစ်များ၊ သီလအကြောင်း သိကောင်းစရာ၊ ဗုဒ္ဓဖြစ်စဉ် ဗုဒ္ဓ၀င်၊ သံဃာပေါ်ထွန်းလာပုံနှင့် သံဃာတို့၏ အရေးပါပုံ၊ သင်္ဂါသနာသမိုင်းကြောင်း၊ ဘုရား, တရား, သံဃာဂုဏ်တော်များအကြောင်းကို အချိန်တိုအတွင်း နားလည်သဘောပေါက်နိုင်အောင် ဟောပြောထားနိုင်သည်ကို တွေ့ရှိရသည်။
အကုသိုလ် ပျက်အစဉ် ပြင်ခဏ
ဝန်ကြီးချုပ်ဟောင်း ဦးနု၏ ငယ်မူလက်ရာ ၀တ္ထုရှည်နှစ်ပုဒ်ဖြစ်သည့် အကုသိုလ်၊ ပျက်အစဉ် ပြင်ခဏတို့ကို ပေါင်းစည်း၍ ထုတ်ဝေထားခြင်းဖြစ်သည်။
No comments:
Post a Comment