U NU OF BURMA - BORN LEADER

U   NU   OF   BURMA - BORN LEADER
U Nu: Born on May 25, 1907. Nayoan La Pyay. [Maharthamaya Nay.], 1269, Saturday.

Friday, August 30, 2013

ဆဋ္ဌသင်္ဂါယနာဓမ္မဝိနယ အမိန့်တော်ပြန်တမ်း



၁၃၁၆-ခုနှစ်၊ သာသနာ-၂၄၉၈ ခုနှစ်၊ ကဆုန်လပြည့်နေ့မှ စတင်ကျင်းပ၍ ၁၃၁၈-ခုနှစ်၊ သာသနာ-၂၅၀ဝ ပြည့်နှစ်၊ ကဆုန်လပြည့်နေ့တွင် ပြီးဆုံးအောင်မြင်သည့် ဆဋ္ဌသင်္ဂါယနာ မဟာဓမ္မသဘင်ကြီး၌ ဆဋ္ဌသင်္ဂါယနာဩဝါဒစရိယဆရာတော်များ၊ ဝန်ဆောင် သံဃအဖွဲ့ ဆရာတော်များအမှူးရှိသော သံဂီတိကာရ ၂၅၀ဝကျော်တို့က အနာဂတ်သာသနာ တည်မြဲရေး၊ တိုးတက်ကြီးပွားရေး၊ သန့်ရှင်းရေး၊ ဘုရားရှင်၏ အဆုံးအမနှင့်အညီ ကျင့်ကြံရေးတို့ကိုရှေ့ရှု၍ အောက်ပါဆဋ္ဌသင်္ဂါယနာ ဓမ္မဝိနယ အမိန့်တော်ပြန်တမ်းကို ထုတ်ပြန်တော်မူလိုက်ကြသည်။

၁။ ကယဝိက္ကသိက္ခာပုဒ်တော်အရ ရောင်းဝယ်ဖောက်ကားခြင်း အမှုမှရှောင်ကြဉ်ကြရမည်၊

၂။ ဇာတရူပသိက္ခာပုဒ်တော်နှင့်အညီ ရွှေငွေစသော ရတနာတို့ကိုကိုင်တွယ်ခံယူခြင်းမှ ရှောင်ကြဉ်ရမည်၊

၃။ သစ်သီးပေးခြင်း၊ ပန်းပေးခြင်း၊ ဆေးကုခြင်းစသော ကုသယ၊အနေသန၊ မိစ္ဆာဇီဝအမှုတို့မှ ရှောင်ကြဉ်ရမည်၊

၎။ အာဇီဝဟူသောအကြောင်းကြောင့် ပညတ်တော်မူသော ခြောက်ပါးသော သိက္ခာပုဒ်တော်တို့ကို ကျူးလွန်ခြင်းမှ ရှောင်ကြဉ်ရမည်၊

၅။ ဂိရဂ္ဂသမဇ္ဇသိက္ခာပုဒ်တော်အရ ဇာတ်ပွဲ၊ ရုပ်သေးပွဲ၊ အငြိမ့်ပွဲ၊ ရုပ်ရှင်ပွဲ၊ ပြဇာတ်၊ ဆပ်ကပွဲ၊ ဘောလုံးပွဲ၊ လက်ဝှေ့ပွဲအစရှိသော ပွဲလမ်းသဘင်တို့ကို ကြည့်ရှုခြင်းမှ ရှောင်ကြဉ်ရမည်၊

၆။ မြင်းပွဲ၊ လှေပွဲ၊ နွားပွဲစသည်များသို့ သွားလာခြင်း၊ လောင်းတမ်းကစားခြင်းများမှ ရှောင်ကြဉ်ကြရမည်၊

၇။မြို့တွင်း၊ ရွာတွင်းသို့ သွားလာသည့်အခါ သေခိယသိက္ခာပုဒ်တော်နှင့်အညီ သင်္ကန်းရုံ၍ သွားခြင်းစသည်တို့ကို ပြုကျင့်ကြရမည်၊

၈။ ရာဇဝတ်မှုမကင်းသော ပြုကျင့်မှုများမှ ရှောင်ကြဉ်ကြရမည်၊

၉။ ဝိနည်းတော်အရ လုံလောက်သောအကြောင်းမရှိပဲြုမိ့တွင်းရွာတွင်းသို့ အချိန်အခါမဲ့တို့၌ သွားလာခြင်းမှ ရှောင်ကြဉ်ကြရမည်၊

၁၀။မြို့တွင်း၊ရွာတွင်း၌ ရဟန်းတို့နှင့် မလျော်သောနေရာဌာနသို့ သွားလာခြင်းမှ ရှောင်ကြဉ်ကြရမည်၊

၁၁။ ဆိုအပ်ခဲ့ပြီးသည်မှြွကင်းကျန်သော ဝိနည်းသိက္ခာပုဒ်တော်တို့ကိုလည်း မိမိအသက်နှင့်အတူ ရိုသေစွာ စောင့်ထိမ်းကြရမည်၊

၁၂။ ပရိယတ်၊ ပဋိပတ်လုပ်ငန်းမှတပါး ရဟန်းတို့၏ အလုပ်မဟုတ်သော ဂိဟိကမ္မများမှ ရှောင်ကြဉ်ကြရမည်။

အဆိုပါဆဋ္ဌသင်္ဂါယနာဓမ္မဝိနယပြန်တမ်းနှင့် ဆန့်ကျင်သည့် အလဇ္ဇီ ဒုဿီလ ပါပပုဂ္ဂိုလ်တို့မှာမူ သာသနာတော်၏ စူးညှောင့် အညစ်အကြေးသဖွယ် ဖြစ်သည်ဟူ၍ ဤနိုင်ငံတော်ဗုဒ္ဓသာသနာတော်အဖွဲ့က ယုံကြည်ပါသောကြောင့် အနာဂတ်သာသနာတော် တည်မြဲရေး၊ တိုးတက်ကြီးပွားရေး၊ သန့်ရှင်းစင်ကြယ်ရေးတို့ကို ရှေးရှုကာ " ဝိစေယျ ဒါနံဒါတဗ္ဗံ" ဟူသော ပါဠိတော်နှင့်အညီ အဆိုပါ ဆဋ္ဌသင်္ဂါယနာ ဓမ္မဝိနယပြန်တမ်းနှင့် ညီညွတ်စွာ လိုက်နာတော်မူသည့် ရဟန်းတော်အရှင်မြတ်တို့အား စိစစ်၍ ကိုးကွယ်ပူဇော်ကြရန် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့ကြီးက ဗုဒ္ဓဘာသာဝင်အပေါင်းတို့အား လေးနက်စွာ တိုက်တွန်းပါကြောင်း။

အဆိုပါဆဋ္ဌသင်္ဂါယနာ ဓမ္မဝိနယပြန်တမ်း အတိုင်း မလိုက်နာသေးသည့် ပုဂ္ဂိုလ်တို့ကို နိဂ္ဂဟမြုပ ပဂ္ဂဟအမှုဖြင့် ကိုးကွယ်ပူဇော်ခဲ့လျှင် အဆိပ်ပင်ရေလောင်း ဆိုသကဲ့သို့ဖြစ်သည်ဟု ယူဆဖွယ်ရှိသောကြောင့် ထိုပုဂ္ဂိုလ်တို့အား အလျင်အမြန် အကျင့်သိက္ခာကိုြုပပြင်ထိန်းသိမ်းကြရန် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့က လေးနက်စွာ မေတ္တာရပ်ခံပါကြောင်း။

ပြည်ထောင်စု မြန်မာနိုင်ငံတော်တစ်ဝှမ်းရှိ သာသနာရေးဆိုင်ရာ အသင်းအဖွဲ့များက ဆုံးဖြတ်ချက်ကို ထောက်ခံ၍ မိမိတိုကဆိုင်ရာ ဒေသများတွင် အထက်ပါအတိုင်း တိုက်တွန်းခြင်း မေတ္တာရပ်ခံခြင်းအမှုများကို ပြုလုပ်ကြရန် နိုင်ငံတော်ဗုဒ္ဓသာသနာအဖွဲ့က လေးနက်စွာ တိုက်တွန်းပါကြောင်း။

“သာသနာနှစ် ၂၄၉၈(အေဒီ-၁၉၅၄)ခုသို့ရောက်သော်၊ မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ၀န်ကြီးချုပ် ဦးနု အမှူး ပြုသော နိုင်ငံတော်အစိုးရသည် မြန်မာ" သီဟိုဠ်(သီရိလင်္ကာ)" ထိုင်း(ယိုးဒယား) '' လာအို(လော)" ကမ္ဘောဒီးယား" ဟူသော ထေရ၀ါဒ ငါးနိုင်ငံတို့မှာ သံဃာတော် ၂၅၀၀ တို့ကို ပင့်ဖိက်၍၊ သင်္ဂါယနာတင်ပွဲကြီး (ဆဋ္ဌအကြိမ်) ကျင်းပ ပြုလုပ်စေ၍၊ ပါဠိတော်များကိုသာမက " အဋ္ဌကထာကျမ်းများ'' ဋီကာကျမ်းများကိုပါ မူအမျိုးမျိုး ညှိနှိုင်း တည်းဖြတ်စေပြီး၊ ဗုဒ္ဓသာသနာတော် ကမ္ဘာအနှံ့ပြန့်ပွားထွန်းလင်းစေရန် စက်တင်ပုံနှိပ်ဖြန့်ချီခဲ့ပေသည်၊ ဤသင်္ဂါယနာတင်ပွဲကြီး၌ (ယခင်သင်္ဂါယနာတင်ပွဲကြီးများ၏ စံချိန်အတိုင်း)မြန်မာနိုင်ငံမှ ဘဒ္ဒန္တရေ၀တမထေရ်(အဘိဓဇ မဟာရဋ္ဌဂုရု- ဘွဲ့တံဆိပ်တော်ရ ) ကသဘာပတိအဖြစ်၎င်း၊ မဟာစည်ဆရာတော် ဘဒ္ဒန္တသောဘနမထေရ်(အဂ္ဂမဟာပဏ္ဍိတ-ဘွဲ့တံဆိပ်တော်ရ)က ပုစ္ဆက=မေးသူအဖြစ်၎င်း၊ မင်းကွန်းဆရာတော် ဘဒ္ဒန္တ ၀ိစိတ္တသာရာဘိဝံသ မထေရ်(ပထမဆုံး- '' တိပိဋကဓရ ဓမ္မဘဏ္ဍာ ဂါရိက-ဘွဲ့ရ) က ၀ိသဇ္ဖက=ဖြေဆိုသူ အဖြစ်၎င်း၊ သင်္ဂါယနာတင်ပွဲကြီးကို ဦးစီးကျင်းပကြလေရာ၊ သာသနာတော်နှစ် ၂၅၀၀ ပြည့်တွင်အောင်မြင်စွာ ပြီးစီးသွားခဲ့ချိန်တွင် ထုတ်ပြန်သည့် အမိန့်ပြန်တမ်း“

No comments:

Post a Comment